Technical Marketing Engineer ဆိုတာ ဘာလဲ။
Technical Marketing Engineer ဆိုသည်မှာ Technical Knowledge ကို အသုံးချပြီး Digital product တွေကို Marketing လုပ်တဲ့သူလို့ အကြမ်းအားဖြင့် သတ်မှတ်နိုင်ပါတယ်။ Digital product တွေ၊ software တွေအကြောင်း Customer တွေနဲ့ Sale Team ကို Technical ပိုင်းအရ နားလည်သဘောပေါက်အောင် ရှင်းပြပေးပြီး ရောင်းအားမြှင့်တင်ဖို့ ကူညီပေးရတဲ့ position လို့လည်း သတ်မှတ်နိုင်တယ်။

Technical Marketing Engineer တစ်ယောက်အနေနဲ့ လုပ်ဆောင်ရမယ့်တာ၀န်တွေကတော့
- အသစ်သစ်သော Technical Products များကို အမြဲနားစွင့်နေရမယ်။
- Marketing Team ကို Product တွေအကြောင်း Technical ရှုထောင့်ကနေနားလည်အောင် ကူညီ ရှင်းပြပေးရပါမယ်။
- Sales Team နဲ့ပူးပေါင်းပြီး Marketing Materials တွေ ၊ Marketing Campaignsတွေ ကို ကူညီဖန်တီးပေးရမယ်။
- Digital Products တွေရဲ့အလုပ်လုပ်ပုံကို Customers တွေကို Demonstration လုပ်ပြရမယ်။
- Outdoor Marketing Campaigns တွေမှာ Teamနဲ့အတူ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားဖို့လိုအပ်ပါတယ်။

Technical Marketing Engineer တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ။
- စစ်တမ်းများအရ Technical Marketing Engineer တစ်ယောက်ဖြစ်ဖို့ Education ပိုင်းမှာ အနည်းဆုံး Technology နဲ့ပတ်သက်တဲ့ Bachelor Degree ရှိထားဖို့ လိုအပ်ပါတယ်။
- Marketing Strategies များနဲ့ Product Designing များမှာလည်း Knowledge ကြွယ်၀နေဖို့ လိုအပ်ပါတယ်။
- Programming language တွေကိုလည်း Overview အနေနဲ့သိထားဖို့ လိုပါတယ်။
- Team နဲ့ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်သောကြောင့် Communication skill နှင့် Collaboration skill များကောင်းမွန်ရန်ရပါမယ်။
- Problem Solving Skill များနှင့်အတူ Customers များနဲ့ဆက်ဆံရမည်ဖြစ်သောကြောင့် Good Negotiation skill များရှိထားရန်လည်း လိုအပ်ပါတယ်။
- နည်းပညာအသစ်အသစ်များကို အဆက ်မပြတ်လေ့လာနေဖို့လိုအပ်ပါတယ်။

Technical Marketing Engineer တစ်ယောက်ရဲ့ Role and Responsibilities
- Product Development နဲ့ Campaign Strategies တွေကို Marketing Team နဲ့အတူ ပူးပေါင်း လုပ်ဆောင်ရမယ်။
- Marketing Team ကို Technical Product ရဲ့ Specifications တွေ function တွေနဲ့ပတ်သက်ပြီး နားလည်သဘောပေါက်အောင် ရှင်းပြပေးနိုင်ရပါမယ်။
- Customer တွေရဲ့ မေးခွန်းတွေက ို ပြန်လည်ဖြေရှင်းပေးပြီး Technical support လည်း ပေးရပါမယ်။
- Technical Marketing Materials များကို ဖန်တီးပြုလုပ်ပေးခြင်း၊ Product Performance ကို Monitoringလုပ်ခြင်း နှင့် Error များကို ဖြေရှင်းပေးခြင်းများလည်း ဆောင်ရွက်ပေးရမယ်။
- Marketing Team နှင့်အတူ Marketing Events တွေ Product Lanuching တွေ Promotion Area တွေမှာTechnical ပိုင်းနဲ့ပတ်သက်တဲ့ လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးရမယ်။
- Market Trend နှင့် သက်ဆိုင်ရာ Technologies တွေကို Research လုပ်ပြီး Marketing Strategies တွေအတွက် Idea များပေးနိုင်ရပါမယ်။

အောင်မြင်တဲ့Technical Marketing Engineer တစ်ယောက်ဖြစ်ဖို့ Technical နဲ့ပတ်သက်တဲ့ Marketing Strategies တွေ ကိုအသုံးချပြီး Marketing Materials တွေကို Develop လုပ်ရင်း Sales target များကို ပြည့်မှီအောင် လုပ်ဆောင်နိုင်ရမှာပဲဖြစ်ပါတယ်။