Content ထုတ်လုပ်မှုအား ကိုယ်ပိုင်ဝန်ထမ်းများဖြင့် In-house တွင်ပြောင်းလဲထုတ်လုပ်ခြင်း
ယနေ့ခေတ် ကုမ္ပဏီကြီးငယ်တိုင်းမှာ Content ထုတ်လုပ်မှု ပိုင်းဟာနေ့စဥ်မြင့်တက်လာပါတယ်။ Content များဖန်တီးရန် နှင့် လိုအပ်ချက်များကို ဖြည့်စွမ်းနိုင်ဖို့ Organization တွေမှာ In-House Creative Teams တွေရှိရပါမယ်။ In-house Creative Teams တွေဟာ Creative Work ကိုအဓိကအနေနဲ့ဖန်တီးပေးရမှာဖြစ်ပြီး နေ့စဥ် မတူညီတဲ့Content များကိုထုတ်ဝေရပါတယ်။ ဒီလို Upward Trends တွေကို ပမာဏများများနဲ့ Agility နည်းစနစ်မျိုးအသုံးပြုပြီး In-house တွင်ထုတ်လုပ်ခြင်းဟာ Contents အရည်အသွေးပိုင်းကို ပမာဏမြင့်တက်လာမှာဖြစ်တယ်။ Teams တွေအနေနဲ့လည်း ယခုလိုအလျင်အမြန်ပြောင်းလဲလာတဲ့ Digital Marketing Platform ကိုရင်ဆိုင်ဖို့ပြင်ဆင်သင့်ပါတယ်။
Organization တစ်ခုလုံးကိုပေါင်းကူးပေးတဲ့ တီထွင်ဖန်တီးနိင်စွမ်းရှိသည့် Workflow
Creative Visual Content ဟာ Organization ရဲ့နေရာရှုထောင့်ပေါင်းစုံကနေပြောင်းလဲတိုးတက်လာပါတယ်။ Industry တိုင်းမှာ Content များထုတ်လုပ်ခြင်းနဲ့ထုတ်ဝေခြင်းဟာ မပါမဖြစ်အရေးကြီးတဲ့အရာတွေဖြစ်လာပါတယ်။ ယနေ့ခေတ်မှာတော့ Department တိုင်းမှာရှိတဲ့ Teams တွေနဲ့ဝန်ထမ်းတွေဟာ Contents များကိုဖန်တီးပြီး အချင်းချင်းမျှဝေပေးဖို့လိုအပ်ပါတယ်။ ဥပမာအားဖြင့်ဆိုရရင် – လူသားအရင်းအမြစ်ဌာန၊ အရောင်းဌာန၊ ဉပဒေဆိုင်ရာဌာနအစရှိတဲ့ Department တွေဟာလိုအပ်တဲ့ Material တွေကိုသေချာစမ်းစစ်ပြီး အမြန်ဆုံး Approve လုပ်ပေးသင့်ပါတယ်။
Workflow ကိုခက်ခဲရှုပ်ထွေးစေတဲ့ remote workရဲ့အားနည်းချက်များ
Creative Workflow အရှိန်မြင့်တက်လာတာနဲ့တစ်ပြိုင်တည်း Production Review Cycle နဲ့ Approvals တွေကိုလည်း အရှိန်မြှင့်တင်ဖို့လိုအပ်လာပါတယ်။ သို့သော် ယခုခေတ်စားနေတဲ့ Remote Work ဟာ Visual Work Review လုပ်ငန်းစဥ်ကိုနှောင်နှေးကြန့်ကြာစေပါတယ်။ ဒီလို Creative Work မှာ Marketing Team တစ်ခုတည်းသာ တာဝန်ရှိတာမဟုတ်ပဲနဲ့ အခြားသော Product Leads နဲ့ Technical Leads တွေကပါ ဒီလို Review Cycle နဲ့ Feedback တွေမှာအတူပူးပေါင်းပါဝင်ပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် Organization တွေအနေနဲ့ Creative Work တွေကို ပြန်လည်သုံးသပ်ခြင်း၊ Approve နဲ့ feedbackများပေးခြင်းစတဲ့အရာများကိုလူတိုင်းတစ်နေရာတည်းမှာအပြီးသတ်လုပ်ဆောင်နိုင်အောင်ဖန်တီးပေးသင့်ပါတယ်။
အရောင်းအသွေးစုံလင်တဲ့ Creative Workflow ကို ဒီဇိုင်းဆင်ခြင်း
Content ဖန်တီးခြ င်းဟာ အလုပ်အားလုံးရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့မရှိမဖြစ်တည်ရှိလာပြီး အနာဂတ်မှာ Workflow ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖြစ်လာမယ့် Content စီမံခြင်းအတွက်လည်းကြိုတင်ရည်မှန်းထားသင့်ပါတယ်။ နိဂုံးချုပ်အနေနဲ့ပြောရင် အရှိန်အဟုန်မြင့်တက်လာတဲ့ Content Production ကိုအမှီလိုက်နိုင်ဖို့အတွက် Creative Workflow များကိုဖန်တီးနိုင်တဲ့ In-house Creative Team များကိုဖွဲ့စည်းဖို့လိုအပ်ပြီး Creative Workflow နဲ့သက်ဆိုင်တဲ့လုပ်ငန်းများကို တနေရာတည်းမှာ အပြီးသတ်လုပ်ဆောင်နိုင်တဲ့ Working Environment ကိုတည်ဆောက်သင့်ပါတယ်။