Covid-19 ကပ်ဘေးကာလနှင့်အတူ အလျင်အမြန်တိုးတက်ပြောင်းလဲလာတဲ့ Work From Home Environment ဟာ IT department များအတွက် ရင်ဆိုင်ကျော်လွှားရမယ့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့် IT Leaders များအနေနဲ့ မိမိရဲ့ဝန်ထမ်းများကို remote working လုပ်နိုင်ရန်အတွက် လိုအပ်တဲ့အကူအညီများကို ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားကြရပါတယ်။ ပထမဦးဆုံးအချက်ကတော့ IT Leaders များအနေနဲ့ Work From Home ကာလမှာ မိမိရဲ့ Organization မှာရှိတဲ့ ဝန်ထမ်းများရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်းကို အတတ်နိုင်ဆုံး မြှင့်တင်နိုင်ရန်အတွက် လိုအပ်တဲ့ နည်းပညာဆိုင်ရာ resource များကို ထောက်ပံ့ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ထို့အပြင် IT Leaders များဟာ Executive Leadership Team နှင့်ချိတ်ဆက်ပြီး ဒီလို Covid-19 Pandemic ကာလမှာ ဝန်ထမ်းများအတွက် အဆင်ပြေလွယ်ကူစေမယ့် နည်းလမ်းများကို ရှာဖွေ အကောင်အထည်ဖော်သင့်ပါတယ်။
အရေးကြီးတဲ့ Security အမျိုးအစား (၂) မျိုး
ဝန်ထမ်းများမိမိတို့အိမ်မှ အလုပ်လုပ်ကြတဲ့အခါမှာ Information Security နှင့် Physical Device Security ကို လုံခြုံစိတ်ချနိုင်ရန်အတွက် IT Team များအနေနဲ့ အဓိကဦးစားပေးထည့်သွင်းစဥ်းစားဖို့ လိုအပ်ပါတယ်။ ထို့အပြင် ဝန်ထမ်းအများစုဟာ အမြဲတမ်း အိမ်မှာမရှိနေတတ်တာကြောင့် ၎င်းတို့ရဲ့ စက်ပစ္စည်းများကို အမြဲစောင့်ကြည့်နေရန်အတွက် မလွယ်ကူပါဘူး။ အကယ်၍ ဝန်ထမ်းများရဲ့ စက်ပစ္စည်းတစ်ခုခု ပျောက်ပျက်သွားတာ၊ အခိုးခံရတာမျိုးတွေ ဖြစ်ခဲ့မယ်ဆိုရင် Information Security ကိုကာကွယ်နိုင်ရန်အတွက် IT Leaders များအနေနဲ့ ကြိုတင်ပြီး ဝန်ထမ်းများရဲ့ စက်ပစ္စည်းများတွင် Encrypt လုပ်ထားရပါမယ်။ ဝန်ထမ်းများအား Security နှင့်ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းများကို သေချာဂရုစိုက်ရန်နှင့် Troubleshoot လုပ်နိုင်မည့် resource များကိုသိနိုင်ရန်လည်း IT Leaders များအနေနဲ့ မိမိ Organization ကိုပုံမှန် communicate လုပ်ပေးနိုင်ရပါမယ်။
IT Workflow ကို ဘယ်လိုသတ်မှတ်ပြီး ချိန်ညှိကြမလဲ
အချို့သော IT task များဟာ (On Site) ပြင်ပမှာ လုပ်ဆောင်ရတဲ့အတွက်ကြောင့် ဒီလိုကိစ္စများကို တာဝန်ယူလုပ်ဆောင်ရတဲ့ IT Team ကို ဖွဲ့စည်းတဲ့အခါမှာ အတတ်နိုင်ဆုံး သေးငယ်အောင် ဖွဲ့စည်းရပါမယ်။ ဝန်ထမ်းများကိုလည်း ၎င်းတို့ရဲ့ တာဝန် နှင့်သက်ဆိုင်တဲ့ နည်းပညာများကို ချိတ်ဆက်ပေးပြီး ၎င်းတို့ထံမှ မေးမြန်းလာတဲ့ မေးခွန်းများကို အချိန်နှင့်တပြေးညီ လူချင်းတွေ့ပြီး တိုက်ရိုက် ဖြေရှင်းပေးနိုင်ဖို့လည်း အရေးကြီးပါတယ်။
End-User များကိုစိတ်ရှည်ပါ
ဒီလို အခက်အခဲမျိုးစုံ ကြုံတွေ့နေရတဲ့ Pandemic ကာလအတွင်း ဝန်ထမ်းများအနေနဲ့ မိမိတို့အိမ်မှ အလုပ်လုပ်ရတဲ့အခါမှာ အဆင်မပြေမှုများရှိနိုင်တာကြောင့် Leadership Team များရဲ့အကူအညီကိုရယူပြီး ဝန်ထမ်းများအတွက်လိုအပ်မယ့် IT accessories နှင့် နည်းပညာများကို ထောက်ပံ့ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းမျ ားရဲ့ ပြဿနာများကို အဝေးမှဖြေရှင်းပေးနိုင်ရန်အတွက် IT Department မှ Help Desk များအနေနဲ့ Remote Access Control Tools များကိုလည်း ပြင်ဆင်ထားသင့်ပါတယ်။
လုပ်ငန်းစဉ်များနှင့် ပရောဂျက်များကို Cloud Base Platform ပေါ်တွင် စီမံခန့်ခွဲပါ
ပရောဂျက်များကို အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် Cloud Based Platform များကို ဝန်ထမ်းများအားလုံး အသုံးပြုနိုင်အောင်လုပ်ဆောင်ပေးဖို့ အလွန်အရေးကြီးပါတယ်။ ဒီလို Team အားလုံးကို Remote အဖြစ်ပြောင်းလဲပြီး ဦးစားပေးလုပ်ဆောင်ရမယ့် အလုပ်များကို သတ်မှတ်လိုက်ခြင်းမှ ဖြစ်ပေါ် လာတဲ့သက်ရောက်မှုဟာ Business Process ကို ပုံမှန်လည်ပတ်နေတဲ့ပုံစံကနေ အနည်းငယ်သာ ပြောင်းလဲသွားစေပါလိမ့်မယ်။
ကြိုတင်ပြင်ဆင်ပြီး လေ့ကျင့်ထားသင့်သည့် Plan ကိုရေးဆွဲပါ
Covid-19 Outbreaks ကြောင့် ရုတ်တရက် Organization ကို shutdown လုပ်ရတဲ့အခါ ကြိုတင်ပြင်ဆင်ပြီး လေ့ကျင့်ထားသင့်သောအရာတွေကို Plan ရေးဆွဲပြီး မကြာခဏ စမ်းသပ်နေဖို့ လိုအပ်ပါတယ်။ ဒီလို ကြိုတင်ပြီးလုပ်ဆောင်ရမဲ့ Plan တွေကို လုံလုံလောက်လောက် ရေးဆွဲထားခြင်းမရှိဘူးဆိုရင် Covid-19 ကပ်ဘေးကာလအတွင်းမှာ Organization အတွက်အဆင်ပြေနိုင်မဲ့ အရာမှန်သမျှကို စမ်းသပ်နေရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုတင်ပြင်ဆင်စမ်းသပ်မှုများကို မလုပ်ဆောင်ထားဘူးဆိုရင် ဝန်ထမ်းများရဲ့ Security နှင့် အလုပ်လုပ်ဆောင်နိုင်စွမ်းများကို ကြီးမားစွာ ထိခိုက်လာနိုင်ပါတယ်။ နိဂုံးချုပ်အားဖြင့် ယခုလက်ရှိဖြစ်ပေါ်နေတဲ့ Covid-19 Crisis ဟာ IT Organization များအတွက် အဆိုးဆုံးအခြေအနေများကို ကြိုတင်မှန်းဆ ပြင်ဆင်ပြီး ဝန်ထမ်းများအတွက် လုပ်ငန်းခွင်တွင် အဆင်ပြေသက်သာစေမည့် နည်းလမ်းများကို လမ်းပြပေးနိုင်တဲ့ တန်ဖိုးရှိတဲ့သင်ခန်းစာတစ်ခုပါပဲ။
Ref: Smartsheet