ယနေ့ခေတ်မှာ Organization တွေဟာ ဝန်ထမ်းအသစ်ခန့်ဖို့ရာအတွက် Technical Skill တွေကို သတ်မှတ်ချက်တစ်ခုအနေနဲ့ ထည့်သွင်း စဉ်းစားလာကြပါတယ်။ Organization အကြီး၊ အသေးအပေါ်မူတည်ပြီးတော့ သတင်းအချက်အလက် လုံခြုံစေရန် နှင့် လုပ်ငန်းလည်ပတ်မှု အဆင်ပြေချောမွေ့စေဖို့အတွက် IT department ကို ထားရှိလာကြပါတယ်။ အရင်တုန်းက ကုမ္ပဏီတော်တော်များများကတော့ ရုံးတွင်းမှာပဲ on-premise server တွေနဲ့ ချိတ်ဆက် အသုံးပြုခဲ့ကြပါတယ်။
Covid-19 pandemic ကြောင့် မဖြစ်မနေ Work From Home လုပ်ရမယ့် အခြေအနေနဲ့ကြုံရတဲ့အခါမှာတော့ Cloud based system နှင့် software တွေကို တွင်တွင်ကျယ်ကျယ် ပြောင်းလဲ အသုံးပြုလာကြပါတယ်။ အဲ့ဒီလို အသုံးပြုဖို့အတွက် ကိုယ့် organization မှာ Cloud based နည်းပညာနဲ့ ရင်းနှီးကျွမ်းကျင်ပြီးသားဖြစ်တဲ့ Technician တွေကို ခန့်ထားဖို့ လိုသလို၊ ကုမ္ပဏီရဲ့အရေးကြီးအချက်အလက်တွေကို ပြင်ပသို့မပေါက်ကြားအောင် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက် Information Security Knowledge ရှိသူများအပြင် AI၊ Big Data အတွက် ကျွမ်းကျင်တဲ့ Technician တွေလည်းလိုအပ်လာပါတယ်။ ကောင်းမွန်တဲ့ Remote IT team တစ်ခုဖွဲ့စည်းတည်ဆောက်ဖို့ ၊ ဆက်လက်ထိန်းထားဖို့ အတွက်ဆိုရင် အောက်ပါ အချက်အလက်တွေကို သိရှိထားဖို့လည်း လိုအပ်ပါတယ်။
လူမှန ်၊ နေရာမှန် ထားတတ်ဖို့ အရေးကြီးပါတယ်။
Job Position တစ်ခု အတွက် Hiring လုပ်တဲ့အခါ လက်ရှိ Organization မှာ အသုံးပြုနေတဲ့ System၊ Software tools တွေ၊ infrastructure တွေအပြင် Upgrade ထပ်လုပ်မယ့် System solution တွေနဲ့ ကိုက်ညီမယ့် skills၊ requirements တွေကိုလည်း ထည့်သွင်းဖို့လိုအပ်သလို၊ မလိုအပ်တဲ့ skills တွေ၊ tools တွေကို မထည့်သွင်းခြင်းအားဖြင့် ကိုယ့် organization အတွက် ပိုမိုတိကျပြီး ကိုက်ညီမယ့် candidate တွေကို ရရှိနိုင်ပါလိမ့်မယ်။
သင်ဘာတွေလုပ်နေရင် ပျော်ရွှင်ရ သလဲ၊ ဘယ်အရာက သင့်ကို စိတ်ဓာတ်တက်ကြွစေသလဲ ဆိုတဲ့ အရာတွေကိုကြည့်ပြီး သင့်အတွက် ဘယ်လမ်းကြောင်းကို ရွေးချယ်သင့်လဲဆိုတာကို ရှာဖွေနိုင်ပါတယ်။ ဥပမာ – သင့်ကိုယ်သင် လူအများအပေါ် သြဇာရှိပြီး လွှမ်းမိုးနိုင်တာကိုသဘောကျလို့ ‘ငါက managerတစ်ယောက်ဖြစ်ချင်တာ’ ဆိုပြီး စဥ်းစားကောင်း စဥ်းစားနေနိုင်ပါတယ်။ ဒါပေမဲ့ တချို့အရာတွေ ကြုံတွေ့ပြီးတဲ့အခါမှာတော့ သင်ဟာ တကယ်တော့ လူအများကို ဦးဆောင်နေရတာတွေသဘောမကျဘဲ member တစ်ယောက်အနေနဲ့ contribute လုပ်ရတာကို ပိုစိတ်တိုင်းကျနေတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။
Hard Skills နှင့် Soft Skills ဟန်ချက်ညီညီရှိဖို့လည်း လိုအပ်ပါတယ်။
လုပ်ငန်းလိုအပ်ချက်အရ Hard skills တစ်နည်းအားဖြင့် Technical skills requirement တွေက ကွာခြားမှုရှိနိုင်ပေမယ့် Soft Skills requirement ကတော့ အခြေခံအားဖြင့်တူညီမှုရှိကြပါတယ်။ Technical requirement အရဆိုရင် AI applications အတွက် Python language၊ Database management အတွက် SQL language ၊ Mobile နှင့် Web application အတွက် Java language တို့နဲ့ ပက်သတ်ပြီးအတွေ့အကြုံရှိပြီးသားသူကို ရွေးချယ်ခန့်အပ်ဖို့လိုပါတယ်။ Soft skills ဟာဆိုရင်လည်း Organizationတစ်ခုမှာရှိတဲ့ employees တွေအတွက် များစွာ အထောက်အကူပြုပါတယ်။
ဥပမာ -
- Creativity : employee တွေဟာ Organization အတွက် သင့်တော်မယ့် solution တွေကို တီထွင် ဖန်တီးပေးနိုင်မယ့် Creativity skills ရှိဖို့လိုအပ်ပါတယ်။
- Cognitive flexibility : သင်ယူလိုစိတ်နဲ့ တတ်မြောက်လိုစိတ် ရှိဖို့လည်းလိုပါတယ်။
- Emotional Intelligence : မတူညီတဲ့ Team ၊ member တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ အဆင်ပြေချောမွေ့စေရန်အတွက် Emotional Intelligence ကောင်းဖို့လည်းလိုပါတယ်။
ထိရောက်တဲ့ Interview process ကို ပြုလုပ်သင့်ပါတယ်။
Covid-19 ကြောင့် Operation အတွက် Work From Home ကိုရွေးချယ်လုပ်ကိုင်လာကြသလို Hiring process တွင်လည်း Microsoft Teams, Zoom, Google Meet တို့လို video conferencing platform ကို အသုံးပြုပြီးတော့ remote interview တွေလုပ်လာကြပါတယ်။ Video conference application ကနေတဆင့် screen sharing လုပ်ပြီးတော့ candidate ရဲ့ coding ၊ designs ၊ skills ၊ IQ test အစရှိသည်တို့ကိုလည်း စစ်ဆေးနိုင်ပါ တယ်။
ကိုယ့် organization ရဲ့ culture နဲ့ကိုက်ညီမယ့် candidate ကို ရွေးချယ် ဆုံးဖြတ်တတ်ရပါမယ်။
Candidate ရဲ့ behavior နှင့် ကိုယ့်ရဲ့ organization culture ကြားမှာ လိုအပ်တဲ့ မေးခွန်းမျိုးတွေကိုလည်း မေးသင့်ပါတယ်။ ဥပမာ -
- သင့်ရဲ့အရင်အလုပ်မှာ စိတ်ကျေနပ်စေတဲ့ အရာတွေနှင့် စိတ်မကျေနပ်ဆုံး အရာက ဘာဖြစ်မလဲ။
- ဒီအလုပ်ရဲ့ environment ၊ culture နှင့် သင်ရဲ့ work style ကရော ကိုက်ညီမယ်လို့ ထင်ပါသလား။
- ဘယ်လို work environment ကို သင်အနေနဲ့ ပိုလိုချင်ပါ သလဲ။ အစရှိတဲ့ မေးခွန်းမျိုးတွေကိုမေးခြင်းအားဖြင့် candidate ရဲ့ behavior နှင့် ကိုယ့် organization culture ကိုက်ညီမှုရှိ မရှိကို သိနိုင်ပါတယ်။ နိဂုံးချုပ်အနေဖြင့်ဆိုရရင် Organization တွေအနေနဲ့ pandemic ကာလမှာ ပုံမှန်လည်ပတ်နိုင်ဖို့အတွက် Remote IT Support Team မှာ ကျွမ်းကျင်တဲ့ Technician မျိုးရှိဖို့လိုအပ်သလို၊ Organization နဲ့ ကိုက်ညီပြီး စည်းကမ်းလိုက်နာဆောင်ရွက်နိုင်မယ့် သူမျိုးဖြစ်ဖို့ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
Ref: Smartsheet