လူတွေရဲ့ အလုပ်လုပ်တဲ့ပုံစံဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘဲ အမျိုးမျိုးရှိကြပါတယ်။ သင့်ရဲ့ အလုပ်လုပ်တဲ့ ပုံစံဟာ ဘယ်လိုမျိုးပါလဲ။ လူတွေရဲ့ အလုပ်လုပ်လုပ်တဲ့ ပုံစံအမျိုးမျိုးကို အသီးတစ်မျိုးစီနဲ့ နှိုင်းယှဥ်ဖော်ပြသွားပါမယ်။ သင့်ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကို ရှာဖွေကြည့်ပြီး ကိုယ်နဲ့ အလုပ်လုပ်ပုံမတူညီတဲ့သူတွေနဲ့ ဘယ်လိုလက်တွဲပြီးလုပ်သွားမလဲဆိုတာ စဥ်းစားအဖြေရှာကြည့်နိုင်ပါတယ်။

သလဲသီးပုံစံအလုပ်လုပ်ခြင်းဆိုတာ အသေးစိတ်အလုပ်လုပ်ခြင်းနှင့် ပိုင်းပိုင်းခြားခြားအလုပ်လုပ်ခြင်းမျိုးပုံစံပဲဖြစ်ပါတယ်။ Tasks များကို သေးငယ်တဲ့အလုပ်များအဖြစ် ပိုင်းခြားပြီး တစ်ခုစီကို ပြီးမြောက်အောင်လုပ်ခြင်းဖြင့် Motivated ဖြစ်စေသော Work Style လို့လည်းသတ်မှတ်နိုင်ပါတယ်။ သလဲသီးက လွယ်လွယ်ကူကူစားလိုက်လို့ရတဲ့ အသီးမျိုးမဟုတ်သလို သလဲသီးပုံစံအလုပ်လုပ်ခြင်းကလည်း အချိန် နှင့် ကြိုးစားအားထုတ်မှုတွေအများကြီးလိုအပ်ပါတယ်။ သလဲသီးပုံစံအလုပ်လုပ်သူများကလည်း အကောင်းဆုံးရလဒ်များရရှိရန် အလုပ်တွေပိုလုပ်ဖို့ မကြောက်တတ်ကြပါဘူး။ သလဲသီးပုံစံအလုပ်လုပ်ခြင်းရဲ့အားသာချက်များ
- မည်မျှသေးငယ်သောအလုပ်ဖြစ်ပါစေ အသေးစိတ်လုပ်ကိုင်နိုင်ခြင်း
- စိတ်အားထက်သန်ခြင်း နှင့် အလုပ်ပိုကြိုးစားလိုခြင်း
- ပန်းတိုင်ကို သိရှိ၍ လုပ်ကိုင်နိုင်ခြင်း သလဲသီးပုံစံအလုပ်လုပ်ခြင်းရဲ့စိန်ခေါ်မှုများ
- အလုပ်များကို အကျယ်ချဲ့လုပ်သောအခါ အခက်အခဲရှိနိုင်တယ်။ T- asks တွေကိုအသေးစိတ်ခွဲ၍ လုပ်ကိုင်ရသောကြောင့် ရှုပ်ထွေးမှုများဖြစ်ပေါ်နိုင်တယ်။
- ဦးဆောင်ရသောအလုပ်များနှင့် ဦးစားပေးအလုပ်များသတ်မှတ်လုပ်ကိုင်ရာတွင် အကူအညီများလိုအပ်နိုင်တယ်။
သင်သာ သလဲသီးပုံစံအလုပ်လုပ်သူတစ်ယောက်ဆိုရင် သင်သာ သလဲသီးပုံစံအလုပ်လုပ်သူတတ်သူတစ်ယောက်ဆိုရင် အဖွဲ့အစည်းအတွင်းလုပ်ငန်း တာ၀န်များကို ပြီးမြောက်အောင်လုပ်ဆောင်ရန် ကျန်အဖွဲ့သားအားလုံးက အားကိုးရသူတစ်ဦးဖြစ်ပါတယ်။ သို့သော်လုပ်ငန်းများကို အကျယ်ချဲ့လုပ်ဆောင်ရန်အတွက် ကြယ်အသီးပုံစံ အလုပ်လုပ်သူများလိုအပ်ပြီးတော့ ပဟေဠိများကိုဖြေရှင်းနိုင်ရန် စပျစ်သီးပုံစံ အလုပ်လုပ်သူများဖြင့် တွဲဖက်အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။

ကြယ်အသီးပုံစံအလုပ်လုပ်ခြင်းဆိုတာ ရဲရင့်တဲ့ ကြယ်ပွင့်ပုံစံအလုပ်လုပ်ခြင်းပဲ ဖြစ်ပါတယ်။ စိတ်ကူးစိတ်သန်းကောင်းများနှင့်ခေါင်းဆောင်နိုင်ခြင်းများရှိသလို အခြားလုပ်ဖောက်ကိုင်ဖက်များကပါ စံထားရလောက်တဲ့ အရည်အချင်းရှိသူများဖြစ်ကြပါတယ်။ ကြယ်အသီးပုံစံအလုပ်လုပ်သူများဟာ ဆန်းသစ်တီထွင်ပြီး နောက်ထပ်ကြီးမားတဲ့ အရာတွေကို ရှာဖွေတွေ့ရှိဖို့ အမြဲကြိုးစားနေတတ်ကြပါတယ်။ ကြယ်အသီးပုံစံအလုပ်လုပ်ခြင်းရဲ့အားသာချက်များ
- Teamနှင့်အတူပေါင်းစပ်လုပ်ကိုင်နိုင်ခြင်း
- အရေးပါသော အတွေးအခေါ်များ တွေးတောနိုင်ခြင်း
- ဦးတည်ချက်များကို ရှင်းရှင်းလင်းလင်းသိနိုင်ခြင်း ကြယ်အသီးပုံစံအလုပ်လုပ်ခြင်းရဲ့စိန်ခေါ်မှုများ
- နောက်လာမည့်ကြီးမားသော Task များအကြောင်းတွေးမိသောအခါ အာရုံရှုပ်ထွေးနိုင်တယ်။
- အလုပ်တစ်ခုကို အကောင်အထည်ဖော်ရန် လိုအပ်သည်များကို လျှော့တွက်မိနိုင်တယ်။
- အခြားသူများထံမှ အကြံဉာဏ်တောင်းယူရန် လက်တွန့်တတ်တယ်။ သင်သာ ကြယ်အသီးပုံစံအလုပ်လုပ်သူတစ်ယောက်ဆိုရင် သင်သာ ကြယ်အသီးပုံစံအလုပ်လုပ်တတ်သူတစ်ယောက်ဆိုရင် အကြံအစည်အကြီးကြီးများကို လုပ်ဆောင်ဖို့မရှက်ကြောက်တတ်သူတစ်ဦးဘဲ ဖြစ်ပါတယ်။ အဲဒီအကြံအစည်များကို လက်တွေ့ဖြစ်အောင် လုပ်ဆောင်တဲ့အခါမှာ ကျန်တဲ့အဖွဲ့သားတွေရဲ့ အကြံပေးစကားတွေကို နားထောင်သင့်ပါတယ်။ တိတ်ဆိတ်ပြီး စိတ်ရှည်သည်းခံတဲ့ ထောပတ်သီးပုံစံအလုပ်လုပ်သူများမှာ သင့်ကိုမျှဝေဖို့ အရေးကြီးတဲ့ အချက်အလက်တွေ ရှိတာကြောင့် သူတို့နဲ့ ပေါင်းစပ်အလုပ်လုပ်ရန်လိုအပ်ပြီး အချိန်ပေးရန်လည်း လိုအပ်ပါလိမ့်မယ်။

စပျစ်သီးပုံစံအလုပ်လုပ်ခြင်းဆိုတာ အလုပ်စလုပ်ထဲကလှည့်ကွက်များ၊ အလှည့်အပြောင်းများ ကိုအသုံးချကာ ဖြတ်လမ်းနည်းများဖြင့် Solution များကိုရှာဖွေသော အလုပ်လုပ်ခြင်းပုံစံတစ်မျိုးဖြစ်ပါတယ်။ စပျစ်သီးပုံစံအလုပ်လုပ်သူများဟာ အကျိုးသင့်အကြောင်းသင့်စဥ်းစားတတ်ကြသူများ၊ စေ့စပ်သေချာပြီး စူးစမ်းလေ့လာရန် သဘောကျနှစ်သက်သူများဖြစ်ကြပါတယ်။ စပျစ်သီးပုံစံအလုပ်လုပ်ခြင်းရဲ့အားသာချက်များ
- ခက်ခဲတဲ့ ပြဿနာတွေကို တူးဆွဖြေရှင်းနိုင်ခြင်း
- ပြဿနာများကိုစူးစမ်းရှာဖွေနိုင်စွမ်းပိုမိုတိုးတက်ကောင်းမွန်လာခြင်း
- ခက်ခဲတဲ့ပြဿနာများကို ဖြေရှင်းတဲ့အခါ အခြားပုံစံအလုပ်လုပ်သူများထက်ဇွဲပိုရှိခြင်း စပျစ်သီးပုံစံအလုပ်လုပ်ခြင်းရဲ့စိန်ခေါ်မှုများ
- စိတ်ပိုင်းဆိုင်ရာ ဥာဏ်ရည်ဥာဏ်သွေးကို လျော့ကျခြင်းမျိုးဖြစ်ပေါ်နိုင်တယ်။
- အသေးအဖွဲ့ပြဿနာများအတွက် အချိန်များစွာ ကုန်နိုင်တယ်။
- ပြဿနာများကိုအကျယ်ချဲ့မိသောအခါ ဖြေရှင်းလို့မရဖြစ်တတ်တယ်။ သင်သာ စပျစ်သီးပုံစံအလုပ်လုပ်သူတစ်ယောက်ဆိုရင် သင်သာ စပျစ်သီးပုံစံအလုပ်လုပ်တတ်သူတစ်ယောက်ဆိုရင် ကျန်အဖွဲ့သားများက အကြံဥာဏ်ကြီးကြီးမားမားများကို အကောင်အထည်ဖော်ဆောင်သောအခါတွင်ဖြစ်ပေါ်လာတတ်သော ပြဿနာများကို ဖြေရှင်းရန်အတွက်အားကိုးအားထားပြုရသူပဲဖြစ်ပါတယ်။ ရှာဖွေလေ့လာနိုင်စွမ်း နှင့် ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်စွမ်းတွေကို အဖွဲ့အစည်းအတွင်းသို့ ယူဆောင်ပေးနိုင်သူများလည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့တွေးခေါ်နိုင်စွမ်းတွေကို ပိုမိုတိုးတက်စေဖို့ကိုဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ ပန်းသီးပုံစံအလုပ်လုပ်သူများနဲ့ လက်တွဲလုပ်ကိုင်ဖို့လိုအပ်သလို အလုပ်တွေကို ဦးစားပေးအစီအစဥ်ဖြင့် လုပ်ကိုင်တတ်ဖို့ သလဲသီးပုံစံအလုပ်လုပ်သူများနဲ့လည်းတွဲဖက်လုပ်ကိုင်ဖို့လိုပါတယ်။

ပန်းသီးပုံစံအလုပ်လုပ်ခြင်းဟာ team တစ်ခုအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွနေစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အလုပ်လုပ်ခြင်းပုံစံဖြစ်ပါတယ်။ ပန်းသီးပုံစံအလုပ်လုပ်သူများသည် အဖွဲ့၀င်များကြား ဆက်ဆံရေးအဆင်ပြေချောမွေ့စေရန် ပံ့ပိုးကူညီကြသူများ၊ စိတ်ဓာတ်တက်ကြွစေရန် လှုံ့ဆော်ပေးကြသူများ ဖြစ်ပါတယ်။ ပန်းသီးပုံစံအလုပ်လုပ်သူများသည် အဖွဲ့ဝင်များ စိတ်ဓာတ်တက်ကြွစေရန်အတွက် မရှိမဖြစ်လိုအပ်သူများဖြစ်ကြပြီး ပဋိပက္ခများကိုလည်း လျှော့ချပေးတတ်ကြပါတယ်။ ပန်းသီးပုံစံအလုပ်လုပ်ခြင်းရဲ့အားသာချက်များ
- စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ထက်မြက်လာခြင်း
- ပင်ကိုယ်အရည်အသွေးတိုးတက်ကောင်းမွန်လာခြင်း
- အသင်းလိုက်အလုပ်လုပ်မှုတိုးတက်ကောင်းမွန်လာခြင်း ပန်းသီးပုံစံအလုပ်လုပ်ခြင်းရဲ့စိန်ခေါ်မှုများ
- ဝေဖန်ခြင်း သို့မဟုတ် ကဲ့ရဲ့ခြင်းများအပေါ် ခံနိုင်ရည်စွမ်းနည်းပါးနိုင်တယ်။
- အသေးစိတ်ကျမှု နှင့် ယုတ္တိဆန်မှုနည်းပါးနိုင်တယ်။
- စိတ်ပါ၀င်စားမှုအားနည်းလာသည်နဲ့အမျှ စိတ်အားထက်သန်စွာအအလုပ်လုပ်နိုင်ရန်အခက်တွေ့နိုင်တယ်။ သင်သာ ပန်းသီးပုံစံအလုပ်လုပ်သူတစ်ယောက်ဆိုရင် သင်သာ ပန်းသီးပုံစံအလုပ်လုပ်တတ်သူတစ်ယောက်ဆိုရင် စပျစ်သီးပုံစံအလုပ်လုပ်သူများက သင့်အတွက် မရှိမဖြစ်လိုအပ်သောသူများဖြစ်ပါတယ်။ တစ်ဖက်နှင့်တစ်ဖက် အနိုင်ယူရန်မဟုတ်ဘဲ နှစ်ဦးကြား ဟန်ချက်ညီစွာလုပ်ကိုင်နိုင်ဖို့ တစ်ဖက်သားရဲ့ အမြင်ကို မြင်အောင်ကြည့်ဖို့ လိုပါတယ်။ ပန်းသီးပုံစံအလုပ်ုလုပ်သူများနှင့် အလုပ်လုပ်တဲ့အခါ ဆက်ဆံရေးက အဓိကကျပြီး လူတိုင်းကို သူတို့ရဲခံစားချက်တွေအကြောင်း ပြောဆိုနိုင်ဖို့ အခွင့်အရေးပေးရန် နှင့် ပဋိပက္ခများကို ဖြေရှင်းပေးရန်လည်း လိုအပ်ပါတယ်။

ထောပတ်သီးပုံစံအလုပ်လုပ်ခြင်းဆိုတာ အချိန်ဆွဲ၍လုပ်သောအလုပ်လုပ်ခြင်းမျိုးဖြစ်ပါတယ်။ စိတ်ရှည်သည်းခံခြင်း၊ တွေးခေါ်မျှော်မြင်ခြင်းတို့နှင့်အတူ Projectများကို နောက်ဆုံးအချိန်အထိ ဆွဲ၍ အလုပ်လုပ်သူများကို ထောပတ်သီးပုံစံအလုပ်လုပ်သူများလို့သတ်မှတ်နိုင်တယ်။ ထောပတ်သီးပုံစံအလုပ်လုပ်ခြင်းရဲ့အားသာချက်များ
- အလုပ်တွင် စိတ်ရှည်သည်းခံနိုင်ခြင်း
- စေ့စပ်သေချာခြင်း
- သူများတွေလက်လွတ်သွားတဲ့ အခွင့်အရေးတွေကိုရနိုင်ခြင်း ထောပတ်သီးပုံစံအလုပ်လုပ်ခြင်းရဲ့စိန်ခေါ်မှုများ
- Project တစ်ခုကို နှောင့်နှေးစေနိုင်တယ်။
- သတ်မှတ်ရက်နီးလာသည်နှင့်အမျှ ဖိအားများလာနိုင်တယ်။
- စိတ်ကူးကောင်းတွေကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်တယ်။ သင်သာ ထောပတ်သီးပုံစံအလုပ်လုပ်သူတစ်ယောက်ဆိုရင် သင်သာ ထောပတ်သီးပုံစံအလုပ်လုပ်တတ်သူတစ်ယောက်ဆိုရင် ထောပတ်သီးပုံစံအလုပ်လုပ်တတ်သူတွေဟာ အချိန်စီမံခန့်ခွဲမှုစနစ် သို့မဟုတ် စိတ်ဓာတ်တက်ကြွစေရန် တစ်ခြားလှုံ့ဆော်မှုများ မလိုအပ်ဘဲ သူတို့လုပ်နေကျစံနှုန်းအတိုင်းလုပ်နိုင်စေရန် ခွင့်ပြုပေးဖို့နှင့် သတ်မှတ်ရက်အမှီပြီးအောင် လမ်းညွှန်ပေးဖို့ပဲ လိုအပ်ပါတယ်။ ထောပတ်သီးပုံစံအလုပ်လုပ်တတ်သူ များသည် ပန်းသီးပုံစံအလုပ်လုပ်တတ်သူများနဲ့ ကောင်းကောင်းအလုပ်လုပ်နိုင်သော်လည်း ၎င်းတို့ကို နားလည်ရန် အချိန်ယူတတ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ အသင်းအဖွဲ့လိုက်နဲ့အလုပ်လုပ်ရတာ စိန်ခေါ်မှုရှိနိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူညီသောအလုပ်လုပ်ပုံစံများကို အကျိုးရှိရှိနှင့် ထိရောက်မှုအပြည့်ဖြင့် စုစည်းရန် ခက်ခဲနိုင်ပါတယ်။ ဒီအလုပ်လုပ်ပုံ (၅) မျိုးက လူအများလုပ်ဆောင်သည့်နည်းလမ်းများနှင့် သင့်ကိုယ်ပိုင်ပုံစံကို မည်သို့ဖြည့်စွက်ပြောင်းလဲနိုင်သည်ကို နားလည်ရန် ကူညီပေးနိုင်သောကြောင့် အောင်မြင်သော Team တစ်ခုတည်ဆောက်ဖို့ အခြေခံကျသော အချက်များပဲဖြစ်ပါတယ်။ Ref: Smartsheet