ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ခြင်းက သင့်ကို အောင်မြင်မှုတွေ ရရှိဖို့အတွက် ဘာ့ကြောင့်အရေးပါတာလဲ။ ရည်မှန်းချက်ပန်းတိုင်ဆိုတာ သင်အောင်မြင်လိုသောအရာကို သေချာထည့်သွင်းစဥ်းစားပြီး သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို စတင်အကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့ တိကျတဲ့ Goals တွေ ချမှတ်ခြင်းပါပဲ။
ဘယ်လိုကြီးမားတဲ့ အောင်မြင်မှုပဲဖြစ်ဖြစ် (ဥပမာအားဖြင့် – လကမ္ဘာပေါ် ခြေချနိုင်ခြင်းကနေ ကမ္ဘာတဝှမ်းကျော်ကြားနေတဲ့ တီထွင်ဖန်းတီးသူတွေအထိ ) ရည်မှန်းချက်ပန်းတိုင်မရှိဘဲ အလွယ်တကူ ဖြစ်ပေါ်လာကြတာမဟုတ်ပါဘူး။ ပန်းတိုင်တွေချမှတ်ထားပြီး အသေးစိတ်တွေကအစ လက်တွေ့အကောင်အထည်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်းသိထားခြင်းဟာ ဖြတ်သန်းရမယ့် လမ်းကြောင်းတစ်လျှောက်မှာ ဆုံးဖြတ်ချက်တွေကို ယုံကြည်မှုရှိရှိချနိုင်ပြီး အရေးကြီးတဲ့အရာတွေကို အာရုံစိုက်နိုင်ဖို့ အထောက်အကူဖြ စ်ပါလိမ့်မယ်။
သင့်ကို စိတ်ဓာတ်တက်ကြွစေပြီး စိတ်ကျေနပ်စေတဲ့ အရာတွေကို ရှာဖွေပါ။
သင်ဘာတွေလုပ်နေရင် ပျော်ရွှင်ရသလဲ၊ ဘယ်အရာက သင့်ကို စိတ်ဓာတ်တက်ကြွစေသလဲ ဆိုတဲ့ အရာတွေကိုကြည့်ပြီး သင့်အတွက် ဘယ်လမ်းကြောင်းကို ရွေးချယ်သင့်လဲဆိုတာကို ရှာဖွေနိုင်ပါတယ်။ ဥပမာ – သင့်ကိုယ်သင် လူအများအပေါ် သြဇာရှိပြီး လွှမ်းမိုးနိုင်တာကိုသဘောကျလို့ ‘ငါက managerတစ်ယောက်ဖြစ်ချင်တာ’ ဆိုပြီး စဥ ်းစားကောင်း စဥ်းစားနေနိုင်ပါတယ်။ ဒါပေမဲ့ တချို့အရာတွေ ကြုံတွေ့ပြီးတဲ့အခါမှာတော့ သင်ဟာ တကယ်တော့ လူအများကို ဦးဆောင်နေရတာတွေသဘောမကျဘဲ member တစ်ယောက်အနေနဲ့ contribute လုပ်ရတာကို ပိုစိတ်တိုင်းကျနေတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။
ဒါဆို အောက်ပါမေးခွန်းတွေကို သင့်ကိုယ်သင် စတင်မေးမြန်းကြည့်လိုက်ပါ။
- မိမိက ဘာတွေလုပ်ရတာကြိုက်လဲ။ ဘယ်လိုအရာတွေက မိမိကို စိတ်လှုပ်ရှားစေလဲ။
- မိမိက ဘယ်အရာတွေမှာ ထူးချွန်လဲ။
- အခုအချိန်မှာ ကိုယ့်အတွက် အရေးကြီးဆုံးအရာတွေက ဘာလဲ။ (ဥပမာ ကျွမ်းကျင်တဲ့ပညာရှင်အဆင့်ထိ တိုးတက်ရေးလား ၊ မိသားစု ၊ သူငယ်ချင်းလား အစရှိသည််)
- ဘယ်အရာတွေက မိမိကို အားကျစေပြီး ဖြစ်ချင်တဲ့ အိမ်မက်တွေက ဘာဖြစ်မလဲ။ အဲ့အရာတွေကကော အပေါ်က အချက်တွေနဲ့ကိုက်ညီရဲ့လား။
အထက်ပါမေးခွန်းရဲ့အဖြေတွေက မှားတာ၊ မှန်တာတွေမရှိပါဘူး။ သင့်ကိုယ်သင် စမ်းစစ်ပြီး သင့်ရဲ့အမှန်တကယ် စွမ်းရည်တွေနဲ့ အိပ်မက်တွေကို ရှာဖွေနိုင်ဖို့ပဲ လိုတာပါ။
သင်အခု ဘယ်နေရာမှာ ရောက်နေတာလဲ ဆိုတာကို ပြန်သုံးသပ်ပါ။
သင့်ကိုယ်သင် သုံးသပ်ပြီးတဲ့နောက်မှာ ဥပမာ – သင်ရဲ့ Target က စီးပွားရေး လုပ်ငန်းရှင်ဖြစ်ချင်တာ ဆိုပါစို့။ ဒါဆို သင် ထိုစီးပွားရေးအတွက် လိုအပ်တဲ့ basic accounting skills ၊ marketing skills ၊ Ideas နဲ့ resources များ၊ လမ်းပြပေးမည့်ဆရာများ အစရှိသည်တို့ကရော ရှိထား၊ သိထားပြ ီးပြီလား ဆိုတာလည်း အရင်ဆုံး တွက်ချက် သုံးသပ်ကြည့်ရပါမယ်။ ဒါကြောင့် သင်လက်ရှိဘယ်နေရာမှာလဲဆိုတာနဲ့ ရည်မှန်းချက်ဖြစ်မြောက်လာအောင် ကြုံတွေ့ရမယ့် အခက်အခဲတွေကို နားလည်ဖြေရှင်းနိုင်ဖို့က လည်း အရေးကြီးပါတယ်။
အောက်ပါ အကြောင်းအရာတွေကနေ လက်တွေ့လုပ်ဆောင်နိုင်ပါတယ်။
- မိမိရဲ့ အဓိက စွမ်းရည်က ဘာတွေ ဘာလဲ။
- အောင်မြင်ဖို့ ဘယ်လို skillတွေ လိုအပ်သေးတာလဲ။
- ဒီအဆင့်ထိရောက်အောင် ဘာတွေပြီးမြောက်အောင် လုပ်ခဲ့ပြီးပြီလဲ။
- ဘယ်လို learning resources တွေ မိမိအတွက် ရနိုင်လဲ။
- အဲ့အရာတွေကို သေချာသိပြီဆိုရင်တော့ နောက်အဆင့်အတွက် အဆင်သင့်ဖြစ်ပါပြီ။
ရည်မှန်းချက်ပန်းတိုင်တွေကို ချမှတ်ပြီးသွားပြီဆိုရင် သင့် အိမ်မက်တွေဖြစ်မြောက်သည်အထိ စတင်လုပ်ဆောင်လိုက်ပါ။
အခုကစပြီး အားကစားလိုက်စားတော့မှာ ၊ စိတ်ဖိစီးနေရတာတွေ လျော့နည်းလာတော့မှာ စတာတွေဘယ်နှကြိမ်လောက်တောင် ပြောခဲ့ပြီးပြီလဲ။ ဒါပေမဲ့ ဖြစ်မြောက်အောင်မလုပ်ခဲ့တာတွေ ရှိခဲ့ဖူးတယ်မလား။ ဒါတွေဟာ ဘာကြောင့်လဲဆိုတော့ သင်ဟာ targetတွေကိုပဲ သတ်မှတ်ထားပြီး အဲ့ဒီ target လေးတွေ ပြီးမြောက်ဖို့အတွက် ရိုးရှင်းတဲ့ planလေးတွေ မချမှတ်ခဲ့လို့ပါပဲ။ ဒါ့ကြောင့် သင့်ရဲ့Plan တွေကို မြစ်တစ်ဖက်ကမ်းကနေ အခြားတစ်ဖက်ကို ဆက်သွယ်ပေးထားတဲ့ တံတားတစ်ခုရဲ့ အုတ်နီခဲလေးတွေလို တစ်ခုချင်းစီ စတင်တည်ဆောက်သွားဖ ို့လိုပါတယ် ။
S. M. A. R. T Goal Setting Approach
- Specific : ရည်မှန်းချက်တွေကို တိတိကျကျ ရှင်းရှင်းလင်းလင်း သတ်မှတ်ပါ။
- Measurable: ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် သင့်ရဲ့တိုးတက်မှုကို တိကျတဲ့ စံနှုန်းတွေနဲ့ တိုင်းတာပါ။
- Attainable : သတ်မှတ်ချက် အတွင်း ပြီးမြောက်နိုင်မယ့် လက်တွေ့ကျတဲ့ ပန်းတိုင်တွေကို ချမှတ်ပါ။
- Relevant/ Meaningful : ရည်မှန်းချက်တွေက သင့်ရဲ့အချိန်၊ငွေကြေး အစရှိတာတို့ ပေးဆပ်ဖို့ထိုက်တန်ကြောင်း သေချာပါစေ။
- Time-bound : ရည်မှန်းချက်တွေဆက်စပ်နေတဲ့ လုပ်ဆောင်မှုအဆင့်တွေကို အချိန်ကန့်သတ်ထားပါ။
အောင်မြင်မှုကို ဆင်နွှဲပြီး ပြန်လည်သုံးသပ်ပါ။
သင့်ရဲ့ အောင်မြင်မှုတွေကို တစ်လတစ်ကြိမ် သို့မဟုတ် လေးလတစ်ကြိမ် ပြန်လည်သုံးသပ်ကြည့်ပါ။ လုပ်နေတဲ့အလုပ်တွေကို အမြဲတမ်း Track လိုက်တာတွေ ၊ goals အသစ်တွေချမှတ်တာတွေပဲလုပ်ဆောင်နေတာတွေအပြင် ခဏလောက်အနားယူပြီး အောင်မြင်ခဲ့တဲ့ Stepတိုင်းအတွက် မိမိကိုယ်ကို ဂုဏ်ပြုပေးဖို့လည်း လိုအပ်ပါတယ်။ Goals တွေကို ဆက်တိုက်သုံးသပ်ကြည့်နေဖို့လည်း လိုအပ်သလို မိမိရဲ့ ရေရှည်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကဘာလဲ၊ အဲ့ဒီပန်းတိုင်ကိုရောက်ဖို့ မိမိ ဘာတွေလိုအပ်နေသေးတာလဲ နှင့် လက်ရှိ goal တွေကို အကောင်အထည်ဖော်ခြင်းဟာ မိမိရောက်ချင်တဲ့နေရာကိုသွားဖို့ ပိုနီးစပ်သွားစေလား ဆိုတာတွေကို အမြဲတမ်းစောင့်ကြည့်နေဖို့လည်း လိုအပ်ပါသေးတယ်။
နောက်ဆုံးအနေနဲ့ ရည်မှန်းချက်တွေဆိုတာ လူအများ ကူညီပံ့ပိုးပေးလေ ပိုမိုမြန်ဆန်လေဆိုတာကိုလည်း မမေ့ပါနဲ့။ စစ်မှန်တဲ့ အပေါင်းအသင်းတွေ၊ ဆရာသမားတွေ၊ အကြံဉာဏ်ပေးသူတွေနဲ့ သင့်ကို အားပေး ကူညီပေးတဲ့သူတွေအန ားမှာ နေထိုင်ခြင်းဟာ သင့်ကို အောင်မြင်တဲ့သူတစ်ယောက်ဖြစ်စေဖို့ တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေပါတယ်။
Ref : Smartsheet