
မျက်မှောက်ခေတ်ကာလမှာ နည်းပညာများတိုးတက်ပြောင်းလဲလာခြ င်းနှင့်အတူ အလုပ်လုပ်တဲ့ ပုံစံများဟာလည်း ပြောင်းလဲလာပါတယ်။ ယနေ့လုပ်ငန်းခွင်တော်တော်များများက လူကိုယ်တိုင် သွားရောက်လုပ်ကိုင်စရာမလိုတော့ဘဲ Laptop နှင့် Internet Connection ရှိတဲ့ မည်သည့်နေရာတွင်မဆို Operate လုပ်နိုင်သည့် Digital လုပ်ငန်းခွင်များကိုအသုံးပြုလာကြတယ်။ Digital Workplace ဆိုသည်မှာ Cloud based Software များကို အသုံးချပြီး လုပ်ငန်းခွင်ကို Virtually လည်ပတ်လို့ရတဲ့ Platform တစ်ခုဖြစ်တယ်။

- Team members များနှင့် Virtually Collaborate လုပ်ပေးနိုင်ခြင်း
- Project များနှင့် Task အကုန်လုံးကို Visibility အပြည့်အ၀ဖြင့် စီမံခန့်ခွဲနိုင်ခြင်း
- Issues များ၊ Ticketsများနှင့် Service request များကို Virtually ဖြေရှင်းပေးနိုင်ခြင်း
- Third-Party Application များနဲ့ပေါင်းစပ်အလုပ်လုပ်ပေးနိုင်ခြင်း
- အလိုအလျောက် Reports များကို ဖန်တီးပေးနိုင်သောကြောင့် ပိုမိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်များပြုလုပ်နိုင်အောင် ကူညီပေးခြင်း
- ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို Remote System ဖြင့်အဆက်မပြတ် အလုပ်လုပ်နိုင်ခြင်းတို့ဖြစ်တယ်။

- Work-life မှာ အချိန်မရွေး၊ နေရာမရွေး လုပ်ကိုင်နိုင်သောကြောင့် ပြောင်းလွယ်ပြင်လွယ်လုပ်ရလွယ်ခြင်း
- Onlineပေါ်မှ Virtual Meeting များနှင့် Interactive chat board များကိုသာအသုံးပြုရသောကြောင့် ရုံးတွင်းပစ္စည်းများအတွက်ကုန်ကျစရိတ်၊ ရုံးအသွားအပြန် - - - - လမ်းခရီးကုန်ကျငွေများ သက်သာခြင်းနှင့် အချိန်ကုန်သက်သာခြင်း
- Product ထုတ်လုပ်မှု နှင့် ထိရောက်မှုတို့ ပိုမိုတိုးတက်ကောင်းမွန်လာခြင်း
- ကုန်ကျငွေများလျှော့ချနိုင်ခြင်းနှင့် Product ထုတ်လုပ်မှုပိုမိုများပြားလာခြင်းတို့ကြောင့် ၀င်ငွေတိုးလာခြင်း
- Online Platform ကိုအသုံးပြုသောကြောင့် မည်သည့် Employees Level မဆို Ideaများ၊ Options များကို ထုတ်ဖော်ချပြခွင့်ရခြင်း
- Collaboration Tools များကိုအသုံးပြုရသောကြောင့် Employees များတစ်ဦးနှင့်တစ်ဦး ချိတ်ဆက်အလုပ်လုပ်ရလွယ်ကူခြင်း
- Latest Technology Tools များကိုအသုံးပြု၍လုပ်ကိုင်သောကြောင့် Customer Experience တိုးတက်လာခြင်းတို့ဖြစ်တယ်။
နိဂုံးချုပ်အနေဖြင့် Digital Workplace က Organizations များကို ၎င်းတို့၏ ပရောဂျက်များ၊ လုပ်ငန်းစဉ်များနှင့် အတူတကွပူးပေါင်းလုပ်ဆောင်ရမည့်ကိစ္စများတွင် အဆင်ပြေချောမွေ့စေသည့်အတွက်ကြောင့် လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရမည့် စိန်ခေါ်မှု အသစ်များကို ရင်ဆိုင်ဖြေရှင်းနိုင်စေရန် အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းများနဲ့အတူ သက်ဆိုင်ရာလုပ်ငန်းများကို သိသာထင်ရှားတဲ့ ရလဒ်တွေ၊ အောင်မြင်မှုတွေ ရရှိအောင် ကူညီပေးနိုင်ပါတယ်။
Ref Kissflow