
ယနေ့ခေတ ်ရုံးတော်တော်များများမှာ Data တွေဟာ Applications အမျိုးမျိုးမှာ ပြန့်ကျဲပီး ရှိနေတတ်ကြပါတယ်။ နောက်ဆက်တွဲရလဒ်အနေနဲ့ အလုပ်ခွင်မှာ လိုအပ်တဲ့ Data တွေကို အလွယ်တကူရှာဖွေမတွေ့ရှိနိုင်သောကြောင့် အလုပ်လုပ်ရာတွေ နှောင့်နှေးခြင်းနှင့် ထုတ်လုပ်မှုကျဆင်းခြင်းတို့ ဖြစ်ပေါ်လာပါတယ်။ ဝန်ထမ်းများဟာ လိုအပ်တဲ့ အချက်အလက်တွေ၊ Files တွေရဖို့အတွက် မတူညီသော Applications များတွင် အချိန်ပေးကာ ရှာဖွေကြရပါတယ်။ Collaborative Work Management ဆိုတာ အဲ့လိုပြဿနာများကိုဖြေရှင်းပေးနိုင်သော Solution တစ်ခုပဲဖြစ်ပါတယ်။ Digital Toolsများကိုအသုံးပြုကာ ဝန်ထမ်းများအား လုပ်ငန်း Dataများ၊ စာရွက်စာတမ်းများ နှင့် Discussions များကို အလွယ်တကူမျှဝေနိုင်ရန် ကူညီပေးပါတယ်။
Team member တွေဟာ တစ်နေရာထဲမှာ အချင်းချင်း ပြောဆိုဆက်သွယ်နိုင်ပြီး လုပ်ငန်းနှင့်ပတ်သက်တဲ့ အရာအားလုံးအတွက် အဓိကနေရာတစ်ခုအဖြစ် တည်ရှိနေခြင်းကို Collaborative Work Management လို့သတ ်မှတ်နိုင်ပါတယ်။

- Project အမျိုးမျိုးအတွက် planning နဲ့ management လုပ်ပေးနိုင်ခြင်း
- Team နှင့် Project များအတွက် Contentsများ ဖန်တီးမျှဝေပေးနိုင်ဖို့ workspace များ ရရှိနိုင်ခြင်း
- အချိန်နဲ့တစ်ပြေးညီ Reports များ၊ Dashboards များ ဖန်တီးပေးနိုင်ခြင်း
- ဘယ်န ေရာ၊ ဘယ်အချိန်မှာမဆို Internet Connection ရှိရုံဖြင့်အဆက်မပြတ် အလုပ်လုပ်နိုင်ခြင်း
- Multiple Projects တွေကို တစ်ချိန်ထဲမှာ Handle လုပ်နိုင်ခြင်း
- Third-Party Software များနဲ့ပေါင်းစပ်အလုပ်လုပ်ပေးနိုင်ခြင်း
- ဝန်ထမ်းတစ်ဦးချင်းစီရဲ့ နေ့စဥ် Work Activity Data များကို အလိုအလျောက်သိမ်းဆည်းပေးထားပြီး အလွယ်တကူရှာဖွေနိုင်ခြင်းတို့ဖြစ်တယ်။

- Collaborative Work Management Tools များကိုအသုံးပြုခြင်းဖြင့် လိုအပ်တဲ့ Data များကို Platform တစ်ခုထဲတွင်ရှာဖွေရလွယ်ကူခြင်း
- Teams အားလုံးသည် Platform တစ်ခုထဲပေါ်တွင် Collaborate လုပ်၍ လုပ်ကိုင်ရသောကြောင့် ပွင့်လင်းမြင်သာမှုရှိကာ Issuesများ၊ Errors များကို Identify လုပ်နိုင်ပြီး ကြိုတင်ကာကွယ်နိုင်ခြင်း
- ဝန်ထမ်း များအနေဖြင့်လိုအပ်သော Data များကို Application အမျိုးမျိုးတွင် အချိန်ပေးကာရှာဖွေစရာ မလိုအပ်တာကြောင့် အလုပ်ကိုပိုမိုအာရုံစိုက်နိုင်၍ ပိုမို- ကောင်းမွန်သော Performance များ၊ Results များရရှိခြင်း
- Collaborative Work Management Tools များကိုသာအသုံးပြုရတာကြောင့် ရုံးတွင်းပစ္စည်းများအတွက်ကုန်ကျစရိတ်၊ လမ်းခရီးကုန်ကျငွေများ သက်သာခြင်း၊ - - - အချိန်ကုန်သက်သာခြင်း
- Ideasတွေ၊ Experiencesတွေ၊ Optionsတွေကို Team Members များနှင့်အတူ Virtually Sharing လုပ်ကိုင်သောကြောင့် ပိ ုမိုကောင်းမွန်တဲ့ အလုပ်ခွင်တစ်ခုရရှိခြင်း
နိဂုံးချုပ်အနေနဲ့ Collaborative Work Management ဟာ ဝန်ထမ်းများအတွက် Workflows များစိတ်ကြိုက်ဖန်တီးပေးနိုင်ခြင်း၊ အလိုအလျောက်လုပ်ငန်းစဉ်များနှင့်Projects များကိုစိတ်ကြိုက် Manage လုပ်နိုင်ခြင်း၊Team Members များနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာကို ပေးနိုင်ပါတယ်။ ထို့အပြင် Collaborative Work Management တွင် Cloud-software များကို အသုံးပြုရသောကြောင့် Remote Working System ကိုလည်း များစွာအထောက်အကူဖြစ်စေပါတယ်။ ထို့ကြောင့် Collaborative Work Management ကို ကောင်းမွန်စွာအကောင်အထည်ဖော်ဆောင်ရွက်ပါက မိမိလုပ်ငန်းခွင်အတွင်းရှိ အသင်းအဖွဲ့ အားလုံးနှင့်အတူ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
Ref: Kissflow